အောင်နိုင်သစ္စာကုမ္ပဏီအကျဉ်း


အောင်နိုင်သစ္စာကုမ္ပဏီကို ၂၀၀၃ ခုနှစ်တွင် ဦးအောင်ဇော်ဦးမှ စတင်တည်ထောင်ခဲ့ပြီး လယ်ယာထွက်ကုန်များဖြစ်သည့် ဆန်၊ ပဲ၊ နှမ်း နှင့် နှံစားအမျိုးမျိုး အစရှိသည်တို့ကို တင်ပို့ရောင်းချခြင်းကဏ္ဍလုပ်ငန်းဖြင့် စတင်ခဲ့ပါသည်။ ကုမ္ပဏီရုံးချုပ်မှာ ရန်ကုန်မြို့တွင်တည်ရှိပြီး ယနေ့အချိန်တွင် ဥရောပနိုင်ငံများ၊ အရှေ့အလယ်ပိုင်းနိုင်ငံများနှင့် အာရှနိုင်ငံအများအပြားသို့ ကျယ်ပြန့်သော ဈေးကွက်ဆက်သွယ်မှုကွန်ယက်ဖြင့် တင်ပို့ရောင်းချလျှက်ရှိနေပြီဖြစ်သည်။

ဤစီးပွားရေးလုပ်ငန်းတွင် ၁၀နှစ်ကျော်ကာလအတွင်း စဉ်ဆက်မပြတ်အားထုတ်ကြိုးပမ်းလာခဲ့သော ဇွဲလုံလဝရိယ စွမ်းဆောင်မှု၏ ရလဒ်အဖြစ် အောင်နိုင်သစ္စာသည် မြန်မာနိုင်ငံတွင် ခေတ်မှီအဆင့်မြင့်နည်းပညာဖြင့် လည်ပတ်လုပ်ဆောင်လျှက်ရှိသော ဆန်ဖြူချောစက်ရုံကြီးနှစ်ရုံ နှင့် ကမ္ဘာ့အဆင့်မှီ Buhler ပေါင်းဆန်စက်ရုံကြီးတို့ကို တို့ချဲ့ဖွင့်လှစ်ခဲ့ပြီး ကမ္ဘာ့နိုင်ငံတကာဈေးကွက်အတွင်းသို့ ယခုထက်ပိုမို၍ ဈေးကွက်ချဲ့ထွင်ရန်လည်း အစဉ်တစိုက်ကြိုးပမ်းလျှက် ရှိပေသည်။ ခေတ်မှီကြိတ်ခွဲမှုနည်းပညာဖြင့် မြန်မာ့ဆန်ဖြူလုံးချောအမျိုးအစားများကို ထုတ်လုပ်နေသည့်အပြင် အရည်အသွေးအဆင့်မြင့်ပေါင်းဆန်ကိုလည်း နိုင်ငံတကာမှ မတူညီသောဝယ်ယူအားပေးသူများ၏ လိုအပ်ချက်နှင့်ကိုက်ညီမည့် ရာနှုန်းအမျိုးအစားများကိုလည်း စုံလင်စွာ ထုတ်လုပ်တင်ပို့ရောင်းချလျှက်ရှိနေပါသည်။ 

 

ant_group

ဥက္ကဌ၏ အဖွင့်အမှာစကား

 

Chairman

လေးစားချစ်ခင်ရပါသော ဝယ်ယူအားပေးသူများ၊ မိတ်ဆွေများ နှင့် တွဲဖက်လုပ်ငန်းရှင်များ၊

မင်္ဂလာပါ။ 

                                                                          

အောင်နိုင်သစ္စာကုမ္ပဏီများအုပ်စုသည် လယ်ယာစိုက်ပျိုးရေးနှင့် စပ်လျင်းသည့် ကူးသန်းရောင်းဝယ်ရေးလုပ်ငန်းကို ၂၀၀၃ ခုနှစ်မှ စတင်လုပ်ဆောင်ခဲ့ပါသည်။ ဤယနေ့သည် ကျွန်တော်များ ကုမ္ပဏီ၏ အောင်မြင်မှုမှတ်ကျောက်တည်နိုင်သော နေ့ကောင်းရက်မြက် တစ်ရက်ဖြစ်ပါသည်။

ဤယနေ့သည်ဆယ်စုနှစ်ကာလကျော်ဆွတ်ခူးရရှိခဲ့သော အောင်မြင်မှုကို ဂုဏ်ယူဝမ်းမြောက်စွာ ကျင်းပသော နေ့ထူးနေ့မြတ်တစ်ရက်ဖြစ်ပါကြောင်း ဦးစွာ ပထမ ပြောကြားလိုပါသည်။ အောင်နိုင်သစ္စာ၏ ရည်မှန်းချက် ပန်းတိုင်မှာ လယ်ယာစိုက်ပျိုးရေးထုတ်လုပ်မှုကဏ္ဍမြှင့်တင်ရေး နှင့် လယ်ယာထွက်ကုန်များ ဖြစ်သည့် ဆန်၊ ပဲ နှင့် နှံစားအမျိုးမျိုး၊ ဟင်းသီးဟင်းရွက် နှင့် သစ်သီးဝလံအမျိုးမျိုး အစရှိသည်တို့ကို ထုတ်လုပ်တင်ပို့ရောင်းချခြင်းကဏ္ဍ၌ အစဉ်တစိုက်ကြိုးစား မြှင့်တင်ရန်ဖြစ်ပါသည်။ လွန်ခဲ့သောဆယ်စုနှစ်ကာလတလျှောက်လုံး၌ ကျွန်တော်တို့ကုမ္ပဏီ၏ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှုမှာ လုပ်ငန်းသစ်ကုမ္ပဏီခွဲများ တည်ထောင်နိုင်ခဲ့မှုတွင် ပေါ်လွင်နေ ပါသည်။ အောင်နိုင်သစ္စာကုမ္ပဏီများအုပ်စုမှ လုပ်ငန်းသစ် ကုမ္ပဏီခွဲများ ဖြစ်ကြသော အောင်နိုင်ရိုးမသစ္စာ၊ ကြီးမြတ်သော ဖခင်မေတ္တာ၊ ရွှေနိုင်ငံအမြန်လီမိတက် အစရှိသည့် လုပ်ငန်းခွဲများကို ယနေ့တွင် ဂုဏ်ယူဝမ်းမြောက်စွာ မိတ်ဆက်လိုက်ရပါသည်။

အောင်နိုင်ရိုးမသစ္စာ (ANYT) သည် အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံဖြိုးတိုးတက်မှုဝန်ကြီးဌာန၏ တရားဝင်ခွင့်ပြုချက်ဖြင့် မှတ်ပုံတင်ထားပြီး မြန်မာနိုင်ငံဆန်စက်လုပ်ငန်း နှင့် ဆန်စပါး ရောင်းဝယ်ရေးလုပ်ငန်းနယ်ပယ်တွင် မြင့်မားသောယှဉ်ပြိုင်နိုင်စွမ်းရှိပြီး စွမ်းဆောင်ရည်ပြည့်ဝသော ကုမ္ပဏီတစ်ခုလည်းဖြစ်ပါသည်။ မြန်မာ့ဆန်အမျိုးအစား များကို ၅ မှတ်၊ ၁၀ မှတ်၊ ၁၅ မှတ် နှင့် ၂၅ မှတ် ရာခိုင်နှုန်းအသီးသီးရှိသော အရည်အသွေးများအပြင် အဆင့်မြင့်ပေါင်းဆန်၊ ၁၀၀ ရာနှုန်းပြည့်ဆန်များကိုလည်း နိုင်ငံတကာ ဈေးကွက်သို့ တင်ပို့ရောင်းချလျှက်ရှိပါသည်။

ကီးမြတ်သောဖခင်မေတ္တာ (FGL) သည် ကမ္ဘာ့နိုင်ငံအနှံအပြားမှ မော်တော်ယာဉ်အမျိုးအစားမျိုးစုံအပြင် လယ်ယာသုံးစက်ကိရိယာ ပစ္စည်းအမျိုးမျိုးကို မြန်မာနိုင်ငံအတွင်းသို့ တင်သွင်းရောင်းချလျှက်ရှိသော လုပ်ငန်းခွဲ ကုမ္ပဏီတစ်ခုဖြစ်သည်။ ကမ္ဘာ့ထိပ်တန်း အဆင့်မြင့် မော်တော်ယာဉ်ထုတ်လုပ်သည့်ကုမ္ပဏီကြီးများ၏  မော်တော်ယာဉ် အမျိုးမျိုး နှင့် စက်ပစ္စည်းအမျိုးမျိုး တို့ကို ဝယ်ယူသူမိတ်ဆွေများ မိမိတို့ စိတ်တိုင်းကျ ရွေးခြယ်ဝယ်ယူနိုင်ပါသည်။

ရွှေနိုင်ငံအမြန်လီမိတက် (GLE) သည် ကုန်စည်အမျိုးမျိုး သယ်ယူပို့ဆောင်ရေးနှင့် ထောက်ပံ့ပို့ဆောင်စီမံရေး လုပ်ငန်းများကို ဝန်ဆောင်မှုပေးရန် ၂၀၁၂ ခုနှစ်တွင် ရန်ကုန်မြို့၌ စတင်ဖွဲ့စည်းလုပ်ဆောင်ခဲ့သော လုပ်ငန်းခွဲတစ်ခုဖြစ်သည်။ ၎င်းသည် Ro-Ro Shipping ဝန်ဆောင်မှု၊ ကွန်တိန်နာ ဝန်ဆောင်မှု၊ ကုန်စည်သိုလှောင်ခြင်းနှင့် ဖြန့်ဖြူးခြင်း ဝန်ဆောင်မှု၊ မြန်မာနိုင်ငံ ရေကြောင်းနှင့်လေကြောင်း ကုန်စည်ပို့ဆောင်မှုများ အတွက် အခွန်လျှောက်ထားခြင်းဝန်ဆောင်မှု၊ ထိုင်းနိုင်ငံနယ်စပ်နှင့် တရုတ်နိုင်ငံနယ်စပ်တို့မှ နယ်စပ်ကုန်စည်သယ်ယူပို့ဆောင်ရေးဝန်ဆောင်မှု၊ ပြည်တွင်းကုန်တင်ယာဉ် ဝန်ဆောင်မှု၊ နိုင်ငံတကာ ဒေသများသို့ OOG နှင့် Project Forwardingဝန်ဆောင်မှုများ ကို ပေးစွမ်းလျှက် ရှိသည်။

ဤအခမ်းအနားတွင် အောင်နိုင်သစ္စာကုမ္ပဏီအပေါ်ထားရှိသော ဝန်ထမ်းများအားလုံး၏ သစ္စာစောင့်သိမှုနှင့်အတူ ပေးစွမ်းနေသော စွမ်းဆောင်ရည်များအတွက်၎င်း၊ ကုမ္ပဏီအကျိုးအတွက် အချိန်ပိုနှင့် အားလပ်ရက်များကိုပင် အားတက်သရော ပေးဆပ်ခဲ့ကြသော ဝန်ထမ်းများအားလုံးကို အထူးပင်ကျေးဇူးတင်ကြောင်း လည်း ပြောကြားလိုပါသည်။ ဝန်ထမ်းများအားလုံး၏ ကြိုးပမ်းအားထုတ်မှု၊ ဇွဲလုံလဝရီယ နှင့် အပ်နှံပေးဆပ်မှုများကြောင့်သာလျှင် ကုမ္ပဏီမှာ ဝန်ဆောင်မှုလုပ်ငန်း တာဝန်များကို ကျေပွန်စွာ ပေးစွမ်းလျှက် အောင်မြင်နေခြင်းဖြစ်ပေသည်။ ကျွန်တော်တို့ကုမ္ပဏီ၏ ဝန်ဆောင်မှုကိုအသုံးပြုနေကြသော အားပေးသူမိဘပြည်သူများနှင့် အကျိုးတူ ပူးပေါင်းလုပ်ကိုင်လျှက်ရှိသည့် လုပ်ငန်းရှင်များကိုလည်း ၎င်းတို့၏အားပေးမှု၊ အလေးထားမှု၊ အကြံပြုထောက်ခံမှုများနှင့် အထူးသဖြင့် ယုံကြည်စိတ်ချမှုတို့အတွက် အထူးပင် ကျေးဇူးတင်ရှိလိုက်ပါသည်။

အောင်နိုင်သစ္စာသည် အားပေးသူမိဘပြည်သူများအတွက် အကောင်းဆုံးသော ဝန်ဆောင်မှုများကို ပေးစွမ်းခြင်းအားဖြင့် မိမိ၏ ရည်မှန်းချက်ပန်းတိုင်ကို အရောက်လှမ်းကာ ဆက်လက်ကြိုးစားနေပါဦးမည်။

 

လေးစားစွာဖြင့်

 

ဦးအောင်ဇော်ဦး

ဥက္ကဌ

အောင်နိုင်သစ္စာကုမ္ပဏီများအုပ်စုလီမိတက်